Arduino Programming Interface

Arduino ရဲ့အဓိက အားသာချက်တစ်ခုက သူက တခြား Programmer တွေ ထပ်သုံးစရာမလိုဘဲ USB ကြိုးကတစ်ဆင့် မိမိရဲ့ Program တွေကို Upload လုပ်လို့ရတာပါ။

Arduino ရဲ့ Main Microcontroller ထဲမှာ boothloader ဆိုတာလေး ပါပါတယ်။ Boothloader ဆိုတာက Main Controller ရဲ့ Program memory ထဲမှာ နေရာယူထားတဲ့ code အစုလေး တစ်ခုပါ။ ကွန်ပျူတာမှာဆိုရင်တော့ ကျွန်တော်တို့ OS လိုပေါ့။ သူက application program တွေနဲ့ Hardware တွေကြား အခြေခံကျတဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ပေးနေတဲ့ Software လေးပေါ့။ ကျွန်တော်တို့ ရေးလိုက်တဲ့ arduino sketch လေးကိုတော့ OS ပေါ် တင်သုံးတဲ့ application တွေလို့ မြင်နိုင်ပါတယ်။ Boothloader ဟာ USART (Universal Synchronous / Asynchronous Receiver / Transmitter) ကနေ ကျွန်တော်တို့ ရေးထားတဲ့ Program တွေကို Arduino ပေါ် ဆွဲတင်တဲ့အခါ အခြား Programmer တွေ မလိုဘဲ USB ကြိုးကနေ အဆင်ပြေအောင် လုပ်ဆောင်ပေးပါတယ်။

Arduino ကို power ပေးလိုက်ပြီဆိုတာနဲ့ ပထမဦးဆုံး boothloader ထဲကို ဝင်ပါတယ်။ စက္ကန့် အနည်းငယ်ကြာလို့ IDE (Integrated Development Environment) ကနေ Programming command ရပြီ ဆိုတာနဲ့ (IDE ကနေ upload ခလုတ်ကို နှိပ်လိုက်ပြီဆိုတာနဲ့) Controller ရဲ့ ကျန်ရှိနေတဲ့ memory အပိုင်းဆီသို့ ကျွန်တော်တို့ ရေးထားတဲ့ code တွေ program တွေကို ပို့လွှတ်လိုက်တယ်။ တကယ်လို့ upload မလုပ်ခဲ့ရင်တော့ နဂိုရှိပြီးသား (Recently Uploaded) program ကို run ပေးတယ်။ တကယ်လို့ program အသစ်ထပ်ပြီး upload လုပ်ခဲ့ရင်တော့ board ရဲ့ USB-to-serial chip ကနေ တစ်ဆင့် main controller ကို reset ချတယ်။ ပြီးတော့ ကျွန်တော်တို့ ထပ်ပြီး ပို့လွှတ်လိုက်တဲ့ Program အသစ်ကို USART connection က တစ်ဆင့် လက်ခံပါတယ်။

Author: Thawka

No Comments Yet.

Leave a comment