Pick and Place Robotic Arm Vehicle using Raspberry Pi & Arduino

Phoewa Science မှ တည်ဆောက်ထားတဲ့ "Pick and Place Robotic Arm Vehicle using Raspberry Pi & Arduino" အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။

Robotic Arm Vehicle Project ကတော့ Raspberry Pi ကို Web Server အဖြစ်အသုံးပြုထားပြီး Arduino ဆီ signal ပေးပို့ ထိန်းချုပ်ရတဲ့ Web Based Wifi Control Project ဖြစ်ပါတယ်။ Robotic Car ရဲ့ အပေါ်မှာ Robot Arm တစ်ခုကို တပ်ဆင်ထားလို့ အရာဝတ္ထုတွေကို Pick and Place ပြုလုပ်နိုင်ပါတယ်။ Arm ကိုတော့ Open Source Project တစ်ခုဖြစ်တဲ့ MeArm 4 Degree of Freedom Robot Arm ကို အသုံးပြုထားပါတယ်။ Gear Wheel တွေနဲ့ Servo Motor တွေ အားလုံးရဲ့ Signal Pin တွေကို Arduino မှာ ချိတ်ဆက်ထားပြီး Arduino နဲ့ Raspberry Pi ကိုတော့ Logic Level Converter အသုံးပြု ချိတ်ဆက်ပါတယ်။ Logic Level Converter အသုံးပြုရခြင်းကတော့ Arduino နဲ့ Raspberry Pi ရဲ့ GPIO Pin တွေဟာ Voltage Level မတူညီတဲ့အတွက် ဖြစ်ပါတယ်။

Control လုပ်ဖို့အတွက်ကိုတော့ Raspberry Pi ရဲ့ Web Server မှာ Web Control Page တစ်ခုကို HTML, CSS, Javascript တို့ကို အသုံးပြုပြီး ရိုးရှင်းတဲ့ Web Page တစ်ခုကို ရေးထားပါတယ်။ Arduino ဆီ Signal ပေးပို့ဖို့အတွက်ကို Python Programming Language အသုံးပြုပါတယ်။ Raspberry Pi မှ ပေးပို့လာတဲ့ Signal တွေ လက်ခံရယူပြီး Gear Wheels နဲ့ Servo များ ထိန်းချုပ်ဖို့ကို Arduino မှာ Switch Statement အသုံးပြု data ရယူပါတယ်။

Robot ရဲ့ Power အတွက်ကိုတော့ 3 Cells 12V Lipo Battery အသုံးပြုထားပြီး Gear Wheel တွေကိုလည်း Speed Control ထည့်ထားပါတယ်။ Servo Motor တွေအတွက် Power ပေးဖို့ကိုတော့ 5V Output ရရှိအောင် DC to DC Converter တစ်ခု အသုံးပြုပါတယ်။ ကားရဲ့ အနောက်မှာမြင်နေရတဲ့ Wifi Dongle ကတော့ Raspberry Pi Model B အသုံးပြုထားလို့ Wifi access ရရှိအောင် အသုံးပြုထားရတာပါ။ Phoewa Science မှာ ရရှိနိုင်တဲ့ Raspberry Pi 3 ကို အသုံးပြုမယ် ဆိုရင်တော့ Wifi နဲ့ Bluetooth ပါ ပါဝင်ပြီးသားမို့ Wifi Dongle သုံးစရာမလိုတော့ပါဘူး။

Raspberry Pi နဲ့ Arduino အသုံးပြုပုံ Guide တချို့ကို လေ့လာချင်တယ်ဆိုရင် www.phoewa.science မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ဆက်လက်ပြီးလည်း Device တစ်ခုချင်းစီရဲ့ အသုံးပြုပုံတွေ တင်ပေးသွားဦးမှာမို့ စောင့်ကြည့်ပေးကြပါဦး 😉

www.phoewa.science
info@phoewa.science

2 Responses

  1. စိတ်ဝင်စားဖို့ကောင်းပါတယ်ဗျာ ကျောင်းသားကျောာင်းသူတွေကြားမှာကျယ်ကျယ်ပြန့်ပြန့်လေးဖြစ်သွားအောင်ရက်တိုသင်တန်းလေးတွေ ပြိုင်ပွဲလေးတွေလုပ်ပေးမယ်ဆို အတော်လူသိများလာမှာပါ ဈေးလည်းမကြီးပါဘူး အရင်က ပစ္စည်းလေးတစ်ခုလုပ်မယ်ဆို ဘယ်မှာဝယ်ရမလဲမသိတာရယ် ဈေးကြီးမှာရယ် တွေးပူနေရတယ် ခုတော့ ငွေကြေးလည်းအကုန်အကျနည်းနည်းနဲ့ဆိုတော့ ကျောင်းတွေ မှာ ခု Bar camp တို့လို Arduino day တို့လို့ လုပ်ပေးရင် အရမ်းကောင်းမှာပါ (တကယ်ဆို အထက်တန်းကျောင်းတွေသွားပြီး ထုတ်ကုန်လေးတွေ ကို ပြသနိုင်ရင် ပိုကောင်းမယ်အထက်တန်းအဆင့်နဲ့ဆို ကလေးတွေ စိတ်ဝင်စားမှုရှိနေပြီလေ ) နည်းပညာတွေဖြန့်ဝေ ပေးလို့ကျေးဇူးတင်ပါတယ် ဖိုးဝရေ
  2. ကျနော်လည်းတတ်ချင်တယ်

Leave a comment